မာတိက ၁။ အမှာစာ ……… ၃ ၂။ ဂုဏ်လင်းထိန်ထိန် ရဲ့ မီဒီယာများသို့ အသိပေးပန်ကြားလွှာ.. ……… ၅ ၃။ ဗုဒ္ဓဘာသာ သူငယ်ချင်းတဦးရဲ့ ရင်ဖွင့်သံ ……… ၈ ၄။ ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသော မီဒီယာ ………. ၁၂ ၅။ တစ်ခုခုတော့ မှားနေပြီ (အောင်တင်) ……… ၁၇ ၆။ မီဒီယာက ခင်ဗျားတို့ကို ဘာတွေချ မပြဘူးလဲ ……… ၂၁ ၇။ အလိုတော်ရိ ကျော်ဝင်းရဲ့ ဆင်ဝန်ကတော် အကြောင့်ကြ ……… ၂၃ ၈။ ဗုဒ္ဓ-မွတ်စလင်မ်ပြဿနာမှာ အခြေခံတဲ့ မြန်မာ့အကျပ်အတည်း ……… ၂၆ ၉။ ပဉ္စသိင်္ခ့ စောင်းကြိုးပြတ် (အပိုင်း ၁) ……… ၂၉ ၁၀။ ပဉ္စသိင်္ခ့ စောင်းကြိုးပြတ် (အပိုင်း ၂) ……… ၃၃ ၁၁။ နောက်ကြောင်း ပြန်လှည့်နေပြီ ……… ၃၉ ၁၂။ ရွှေသမင် ဘယ်က ထွက် ... သိန်းစိန်တာက ထွက် ……… ၄၂ ၁၃။ သွေးကို သွေးနဲ့ ဆေးလို့ မရ၊ လူသတ်ဝါဒ ဆန့်ကျင်ကြ ……… ၄၉ ၁၄။ ရခိုင်အရေးအခင်း နောက်ကွယ်က ကြိုးကိုင်ကစားနေသူများ ………. ၅၅ ၁၅။ မကြာခင်ဖြစ်လာမည့် ရခိုင်နိုင်ငံတော် သမ္မတ ဒေါက်တာအေးကျော်နဲ့ အင်တာဗျူး ……… ၅၈ ၁၆။ ဗမာတို့က ရခိုင်တို့အပေါ် ဆင်နွှဲခဲ့သော အမျိုးပြုတ် သမိုင်းမှတ်တမ်းအကျဉ်း ……… ၆၁ ၁၇။ ဓားစာခံဖြစ်သွားတဲ့ ရခိုင်ပြည် ………. ၆၅ ၁၈။ လူသတ် ကစားပွဲ ……… ၆၇ ၁၉။ လူမျိုးတုန်း သတ်ဖြတ်မှု (Genocide) ဆီ ဦးတည်နေပြီလား? ……… ၇၁ ၂၀။ ဒင်္ဂါးပြား ရဲ့ တစ်ဘက်မှာ . . . ………. ၇၃
၂၁။ ရှင်းမယ် ……… ၇၆ ၂၂။ တစ်နွယ်ငင်တာ တစ်စင်ပါ လို့ ....ထားရင်လည်း နေပါမည် ....သတ်ရင်လည်း သေ ပါမည် ...ကျွန်မ သည်လည်း ဘင်္ဂါလီ…… ၈၀ ၂၃။ အင်တာနက် အသုံးပြုသူ တချို့ကြောင့် ရခိုင်ပြည်နယ် မတည်ငြိမ်မှု ပိုမိုဆိုးရွားခဲ့ရ ……… ၈၅ ၂၄။ MRTV တွင် ဖော်ပြခဲ့သော အကြမ်းဖက်သမား ၂၉ ဦးလုံးမှာ သာမန်အရပ်သားများ သာဖြစ် ……… ၈၇ ၂၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင်များသို့ ပန်ကြားလွှာ ……… ၈၈ ၂၆။ ၆ လပိုင်း၁၅ ရက်နေ့ အစ္စလာမ်ဘာသာဝင်တို့အား တိုက်ခိုက်ရန် လှုံဆော်ဖြန့်ဝေသည့်စာ ……… ၉၀ ၂၇။ အစ္စလာမ်ဘာသာဝင်များမှ အချင်းချင်း ပြန်လည် သတိပေးသည့်စာ ……… ၉၁ ၂၈။ ဘာသာပေါင်းစုံအဖွဲ့ ရခိုင်လူမှုရေးအဖွဲ့များနှင့် အစ္စလာမ်ဘာသာရေးအဖွဲ့တို့ ပူးပေါင်း ကြေ ငြာချက် ထုတ်ပြန် ……… ၉၂ ၂၉။ ရခိုင်ပဋိပက္ခ ချုပ်ငြိမ်းရန် ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး ……… ၉၃ ၃၀။ ကျောင်းထိုင်ဆရာတော်၊ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များ တွေ့ဆုံပွဲ ……… ၉၄ ၃၁။ ရခိုင်ပြည်နယ်အရေး ကုလ အထူးကိုယ်စားလှယ်နဲ့ သမ္မတ ဦးသိန်းစိန် ဆွေးနွေး ……… ၉၅ ၃၂။ ပတ်ဝန်းကျင်ထဲက “လူ” ……… ၉၆ ၃၃။ ကိုယ်တိုင်းတွေးပြီး ကိုယ်တိုင်မေး (နောင်ကျော်) ……… ၉၉ ၃၄။ Smuggling of Migrants အကြောင်း သိကောင်းစရာ ……… ၁၀၃ ၃၅။ အ၀ကျွန်းသားတွေ၊ အနောက်သားတွေ ကိစ္စကို ဘယ်လို ရှင်းမလဲ- ……… ၁၀၉ ၃၆။ ခံယူချင်ဦးဟဲ့- “ဗမာ” ……… ၁၁၂ ၃၇။ ဒီဇာတ်လမ်းမှာ ဘယ်သူသာ ဘယ်သူနာ ……… ၁၁၄ ၃၈။ ရခိုင်-ရိုဟင်ဂျာ အဓိကရုန်း ဘယ်သူတွေ ဖန်တီးသလဲ ……… ၁၁၈ ၃၉။ ရိုဟင်ဂျာ မုန်းတီးရေးနှင့်ဆန့်ကျင်ရေးပြုလုပ်လာပုံ ……… ၁၂၀ ၄၀။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ ………. ၁၂၂ ၄၁။ ယူကေနာမည်ကြီး သတင်းစာ ဂါးဒီးယန်းမှာ ဇာဂနာ၊ ရခိုင်ပြည်နယ်ကိစ္စပြောပြီ ……… ၁၂၈ ၄၂။ ငြိမ်းချမ်းရေးအတွက် နှင့် အခြား ……….. ၁၃၀
စာတမ်းပြုစု စုစည်းသူ၏ အမှာ ဤစာတမ်းပါ ဆောင်ပါးများမှာ စာတမ်းပြုစုသူ ရေးသားတင်ပြသော ဆောင်ပါးများမဟုတ်ဘဲ ဖြစ်ပျက်သွားသော ရခိုင် ပြည်နယ် အရေးအခင်းကာလအတွင်း အင်တာနက်စာမျက်နှာများပေါ်မှာ ဆောင်ပါးရှင်အသီးသီးရဲ့ ရခိုင်ပြည်နယ် အရေး အခင်း အပေါ် ဝေဖန်ထောက်ပြထားတဲ့ ဆောင်ပါးများစွာကို စုစည်းထားခြင်းသာ ဖြစ်ပါတယ်… ဤစာတမ်းပြုစုသူ အနေနှင့် စာဖတ်ပရိသတ်များ ထိုရက်၊ ထိုကာလအတွင်း ဖတ်ရှုခဲ့ရသော ဆောင်ပါးများစွာကို တစု တ စည်းတည်း ပြန်လည်ဖတ်ရှုကာ ဖြစ်ပျက်ခဲ့သော အရေးအခင်းများအပေါ် ပြန်လည် ဝေဖန်သုံးသပ်နိုင်ရန် ရည်ရွယ်ပါသည်။ ထိုရက်၊ ထိုကာလတွင် ကျွန်ုပ်အားြ ဖစ်ပျက်နေသော အရေးအခင်းများအပေါ် ဝေဖန်မှု့ပြုပေးရန် တောင်းဆိုမှု့များ ရှိခဲ့ပါ တယ်… ထိုတောင်းဆိုသူများကို ကျွန်ုပ်က ယခုလို စာပို့ကာ ကျွန်ုပ်၏ ခံယူချက်ကို ရေးပြခဲ့ပါတယ်- “ကျွန်တော်တို့က သာသနာ့ဝန်ဆောင်တွေလို့ ခံယူထားပါတယ်။ ကျွန်တော်က ဘာသာရေးကို နှလုံးရည်သန့်သန့်နဲ့ပဲ မြှုပ် နှံ့ဘို့ ဆုံးဖြတ်ထားတော့- တော်လှန်ရေးသမားတွေရဲ့ သဘောထားများကို မေ ၀ဖန်လို၊ လက်ဝင်မနှိုက်လိုပါ။ တစ်ခုပဲ ရှိပါ တယ် (လူနည်းစုကို လူများက အနိုင်ကျင့်လာတဲ့အခါမျိုးမှာ လိုအပ်ရင် အသက်ကိုပေးပြီး ကာကွယ်သွားမှာပါ။ ကျွန်တော် ဆိုလိုတဲ့ လူနည်းစုဆိုတာ ဘာသာတရား ခေါင်းစဉ်ကို ကိုယ်စား မပြုပါ။ မွတ်စလင် လူများစု နေတဲ့အရပ်မှာ အခြား ဘာ သာဝင်က လူနည်းစုဖြစ်မယ်၊ အဲ့ဒီ လူနည်းစုကို လူများစု မွတ်စလင်များက မတရား နှိပ်ကွက်မယ်၊ အဲ့ဒီလို အရပ်ဒေသမျိုး မှာ ကျွန်တော်ကိုယ်တိုင်လည်း ရှိနေမယ်ဆိုရင် မတရားပြုကျင့်ခံရတဲ့ဘက်က ကျွန်တော် အသက်ပေး ရပ်တည်သွားမှာပါ။- ကမ္ဘာအရပ်ရပ်တော့ ကျွန်တော်လည်း လက်လှမ်း မမှီဘူးလေ။) ရခိုင်ရယ်၊ ရိုဟင်ဂျာရယ်မှ မဟုတ် ဘယ်လူမျိုး၊ ဘယ်ဘာ သာမှ မဆို မတော်မတရား ဖိနှိပ်ခံနေရရင် အဲ့ ဒီ ဖိနှိပ်ခံလူမျိုး ဘက်က ကျွန်တော်တို့ စိတ်နှလုံးသားတွေ ရှိပါတယ်။ လူသားချင်းကြား ပဋိပက္ခတွေဆိုတာက လူကို လူလို့ အသိအမှတ် မ ပြုနိုင်ခြင်းများက စတင်တယ်လို့ ကျွန်တော်တို့ ဆင်ခြင် ပါ တယ်။ ဒါကြောင့် လူကို လူလို့ အသိအမှတ်ပြုတတ်လာအောင်- လူသားတွေကြားမှာ ကျွန်တော်တို့ အနေနဲ့ အမုန်းခံ သယ်ပိုးပေးနေပါတယ်။ မဟုတ်မတရား စော်ကား နှိပ်စက်ခံနေရသူ များက သစ္စာတရား ရှိနေပါတယ်။ အမိုက်မှောင်ဆိုတာ ရာသက်ပန် မဖိစီးနိုင်ပါ -၊ လင်းတစ်ခါ မှောင်တစ်လှည့် ဆိုတာ လောကနိယာမပါပဲ။” အခုတစ်လော မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေက ပရောဂတွေများပါတယ်။ စိတ်အေးအေးနဲ့ အတတ်နိုင်ဆုံး အ ကောင်းဆုံး ငြိမ်းချမ်းစွာ ဖြေရှင်းဘို့ ကျွန်တော်လည်း လက်လှမ်းမှီသလောက် အကြံပေးနေပါတယ်။ လူ လူချင်းပဲဗျာ၊ ယဉ် ကျေးပါတယ်၊ သိမ်မွေ့ပါတယ်၊ မေတ္တာဓါတ်ခံကြီးပါတယ် အော်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက (ကန်တော့ပါ ရဲ့) နွားသတ်ရမှာတော့ ၀န်လေးနေပြီး ကုလားသတ်ရမှာကို ပျော်ပိုက် နေကြတယ်ဆိုတာ - မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ ကျွန်တော် လူရှက်လှပါတယ်။ မီဒီယာတွေကလည်း မီဒီယာကျင့် ၀တ်ကို မလိုက်နာ၊ ဖေ့စ်ဘုတ်ခ်တွေကလည်း လူမှုကွန် ယက်ကို အလွဲသုံးစားလုပ်၊ ဥပဒေကို စောင့်ရသူများကလည်း ဘက်မမျှ အမျိုးမျိုး အဖုံဖုံပါပဲ။ ဒါတွေက နောက်ဆုံးတော့ တိုင်းပြည်ကိုပဲ ထိခိုက်နစ်နာ စေမှာပါ။ ဗမာ၊ ရခိုင် သတ် လို့ ကုလားကုန်သွားမှာ မဟုတ်သလို၊ ကုလားသတ်လို့လည်း ဗမာ၊ ရခိုင် ကုန် သွားမှာ မဟုတ်ဘူး-၊ ဒီတော့ နောက်ဆုံး တစ်အိမ်တည်းမှာ အတူနေသူချင်း အမုန်းဓါတ်ခံ နာကျည်းချက် ဓါတ်ခံများနဲ့ ကျန်နေခဲ့မယ်။ တစ်အိမ်တည်းမှာ တစ်ယောက်တစ်ယောက် သတ်နေကြရင် အဲ့ဒီ အိမ်မှာ ဘယ်သူက စိတ်ချ လက်ချ အိပ်ရဲတော့မှာလဲ။ အားလုံးက တစ္ဆေ၊ သရဲ ကြောက်သလို ကြောက်လန့်စိတ်တွေနဲ့ ရှိနေမှာပေါ့။ ခက်တယ်ဗျာ -။
ထားလိုက်ပါတော့-၊ ကျွန်တော်တို့ လူအဖွဲအစည်းမှာ တရားမျှတမှုတွေ ရှိလာဘို့ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဘို့၊ ကျွန်တော်တို့ အားလုံးမှာ ကြိုးစားဘို့ တာဝန်မကင်းဘူးလေ။
ဂုဏ်လင်းထိန်ထိန် ရဲ့ မီဒီယာများသို့ အသိပေးပန်ကြားလွှာ..
၃-၆-၂၀၁၂ ညနေတွင် တောင်ကုတ်မြို့၌ သံတွဲမြို့မှ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် ကားကို တောင်ကုတ် မြို့သားတစ်ချို့မှ တားဆီးရပ်တန့်စေပြီး ကားပေါ်တွင် လိုက်ပါလာသော မွတ်စလင်အမျိုးသား (၁၀) ဦးအား ကားပေါ်မှ ဆင်းခိုင်းကာ ၀ိုင်းဝန်းရိုက်နှက်ထိုးခုတ်ကြသဖြင့် (၁၀) ဦးစလုံး သေဆုံးခဲ့ကြရပါသည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို စတင်အရှိန် ယူဆောင်ရွက်နေစဉ်၌ပင် ပထမဦးဆုံး အဆိုးရွားဆုံး မင်းမဲ့စရိုက် ဆန်စွာ ပြည်တွင်းအကြမ်းဖက် ရမ်းကားမှုတစ်ရပ်ပင်ဖြစ်ပါသည်။ ထိုဖြစ်စဉ်၏ အကြောင်းပြချက်မှာ ကျောက်နီမော်ကျေးရွာတွင် မသီတာထွေးအမည်ရှိ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို မွတ်စလင် လူငယ် (၃) ဦးက မတရားပြုကျင့်ခဲ့သည်ဟု မကျေနပ်သဖြင့် လက်တုန့်ပြန်ခြင်းဟု ....ဆိုပါသည်။ ထိုပြစ်မှု ကျူးလွန်သူ (၃) ဦးအား ကျောက်ဖြူမြို့ ရဲစခန်း၌ ဖမ်းဆီးထားချိန်တွင် ဤဖြစ်ရပ်ဆိုး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ မိမိ ဘာ သာဝင် အမျိုးသမီးတစ်ဦး မတရားပြုကျင့်ခံရခြင်းကို မခံမရပ်နိုင်ဖြစ်ကြခြင်းမှာ သဘာဝကျပါသည်။ သို့ရာတွင် ထိုမခံမရပ် နိုင်သော ခံပြင်းစိတ်ကို အကြောင်းပြု၍ ကျူးလွန်မှုတွင် မပါဝင်သော ဘေးလူများကို အသိဥာဏ်မဲ့စွာ လက်စားချေ တိုက် ခိုက်ခြင်းသည် သဘာဝမကျရုံသာမက လူမဆန်သောလုပ်ရပ်တစ်ခု လည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးအား စော်ကားသဖြင့် ကျန်သော ဗုဒ္ဓဘာသာဝင်များက လူမိုက်ဆန်ဆန် လူရမ်းကား ဆန် ဆန် ပြုကျင့်မည်ဆိုပါက ဗုဒ္ဓနည်းမကျသည့်ပြင် ဗုဒ္ဓဘာသာကိုပါ စော်ကားမှုပြုရာရောက် ပေတော့မည်။ အကြောင်းသော်- အကြင်သူသည် ငါးပုပ်ကို သမန်းမြက်ဖြင့် ထုတ်၏။ ထိုသူ၏ သမန်းမြက်တို့သည်လည်း အပုပ်နံ့ လှိုင်သကဲ့သို့ သူမိုက်တို့ ကို မှီဝဲသူတို့သည်လည်း ဤအပုပ်နံ့လှိုင်ကုန်၏။ (သုခပတ္တနာသုတ်) ဗုဒ္ဓဘာသာအမည်ခံ လူမိုက်တို့၏ အပုပ်နံ့ကြောင့် ဗုဒ္ဓဘာသာကြီးအဖို့ အများအထင်သေးစရာ ဖြစ်ကာ အကျည်းတန်မှု ဘက်သို့ ယိမ်းယိုင်သွားနိုင်ပါသည်။ မျက်ကန်းမျိုးချစ်စိတ်နှင့် အရူးဆန်သော ဘာသာ သာသနာ ချစ်စိတ်များသည် ပညာရှင်တို့၏ ရပ်ဝန်းနှင့် လူတော်ကောင်း တို့၏ အ၀န်းအ၀ိုင်းအတွက် ဆိုပါမူ အထင်ကြီးစရာ တစ်ပြားဖိုးမှ မရှိနိုင်ပါ။ ၃-၅-၂၀၁၂ ညအချိန်တွင် အသက် (၃) နှစ်သာရှိသေးသည့် လူမမယ်အရွယ် သမီးကလေးတစ်ဦးအား အောင်နိုင် (၃၅နှစ်) က လူမဆန်စွာ မုဒိမ်းကျင့်ပြီးနောက် ပဲခူးမြို့၊ မဇင်းချောင်းရေစပ်နား၌ ပစ်ချထားခဲ့သော ပြစ်မှုတစ်ခု ပဲခူးမြို့၊ အမှတ် (၃) ရဲစခန်း အပိုင်၌ ပေါ်ပေါက်ခဲ့ပါသည်။ (ဤအကြောင်းကို ထိုအချိန်က ထုတ်ဝေခဲ့သော ဂျာနယ်တစ်ချို့၌ တွေ့ရပါသည်။ ဥ ပမာ-စောင့်ကြည့် ၁၅-၅-၂၀၁၂) သို့သော် ဤ အဖြစ်အပျက်၌ မုဒိမ်းပြုကျင့်ခံရသူ သမီးငယ်လေးမှာ အသက် (၃) နှစ်သာ ရှိသေးသည့်အပြင် လူမဆန်စွာ ကျူးလွန်သူ ကိုအောင်နိုင်မှာလည်း ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ရာ မည်သူကမျှ “ဒီလူတွေ ကြောင့် ဗုဒ္ဓဘာသာ သိက္ခာကျရတယ်။ အများအထင်သေးစရာ ဖြစ်ရတယ်” ဟု အရေးတယူ ပြောဆိုရေးသားခြင်းမျိုးကို မ ဖတ်လိုက်ရ။ မကြားလိုက်ရသလို ပဲခူးမြို့ရှိ မည်သည့် ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးကမျှ ကိုအောင်နိုင်နှင့် သူ့ အိမ်ရှေ့သွား၍ “အသားထဲက လောက်ကောင်”၊ “နင့်ကြောင့် ဗုဒ္ဓဘာသာ ဗမာလူမျိုး ဘယ်လောက် ထိခိုက်ရသလဲဆိုပြီးရှုတ်ပြောဆိုမှုကိုလည်း မခံစားလိုက်ကြရပါ။ တရားခံအောင်နိုင်ကိုသာလျှင် ဥပဒေပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်း သာ ရှိပါသည်။ အလားတူပင် ၃-၁၁-၂၀၀၉တွင် ရန်ကုန်မြို့မှ (၃၆) မိုင်သာ ကွာဝေးသော ပဲခူးတိုင်း၊ အင်းတကော် ကျေးရွာတွင် အသက် (၇နှစ်) အရွယ် မအေးနှင်းလှိုင် အမည်ရှိ Grade-2 ကျောင်းသူ သမီးငယ်လေးတစ်ဦး လူမဆန်သော သူနှစ်ဦး၏ ဖမ်းဆီး အဓမ္မပြုကျင့်မှုကို ခံခဲ့ရသဖြင့် မိဘများက ပြန်တွေ့ချိန်တွင် သမီးငယ်လေးမှာ သတိလစ်နေသဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီး သို့ ချက်ချင်းပို့ခဲ့ရာတွင် သမီးငယ်လေး အခြေအနေမှာ စိုးရိမ်စရာဖြစ်နေလို့ ရန်ကုန်ဆေးရုံကြီးကိုသာ သွားသင့်ကြောင်း ပြောသဖြင့် ရန်ကုန် အမျိုးသမီးဆေးရုံကြီးသို့ ခေါ်ဆောင်လာခဲ့ကြပါသည်။ (၇နှစ်) အရွယ်ရှိ မအေးနှင်းလှိုင်မှ မွတ်စလင် သမီးကလေး တစ်ဦးဖြစ်ပြီး လူမဆန်သော မုဒိမ်းကောင်နှစ်ဦးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြရာ ဘယ်မွတ်စလင်ကမှ တစ် ခြား မဆိုင်သော ဗုဒ္ဓဘာသာဝင်များကို ရန်ရှာခြင်း၊ ပုတ်ခတ်စော်ကားခြင်းများ မရှိခဲ့ကြပါ။ တည်ဆဲ ဥပဒေအရသာ ထိုလူမဆန်သူ နှစ်ဦးသည် ထောင်ဒဏ် (၈) နှစ်၊ ထောင်ဒဏ် (၇) နှစ် အသီးသီး ကျသွားခဲ့ကြပါ သည်။ အံ့သြစရာကောင်းတာလား၊ နတ်စောင့်တာလားတော့ မသိပါ။ ထိုလူမဆန်သော သူနှစ်ဦး၏ သတင်းကို ဘယ် သတင်း၊ ဘယ်ဂျာနယ်၌မှပင် မပါရှိခဲ့ပါ။ ယုတ်စွအဆုံး “မှုခင်း”ဂျာနယ်များ၌ပင် မပါရှိပါ။ “သူတော်ကောင်းကို နတ်စောင့်သည်”ဟူ၍သာ ကြားဖူးပါသည်။ “စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ အလစ်ကိုချောင်း တစ်ဖက်သားရဲ့ အငိုက်ကို---” ပင်ကိုယ်အားနွဲ့သူ အရှုံးနဲ့သာ ခန္ဓာကိုယ် စတေးရရှာတယ်။ သေတပန်ပြောင်းဘ၀ကို အရိုင်းပန်းငယ် မလွန်ဆန်နိုင် ဆက်သရုံပဲ” စိုင်းထီးဆိုင်၏ ကျော် ကြားလှသော တေးတစ်ပုဒ်ဖြစ်သည့် “မောင့်အရိုင်းပန်း” သီချင်းသည် ရှမ်းအမျိုးသမီးလေးများ Rape လုပ်ခံရသည့် ကိစ္စ နှင့် ပတ်သက်နေသည်ဟု ယူဆပြောဆိုကြပါသည်။ တပ်မတော်သား တစ်ချို့က ပြုခဲ့ကြတာပါဟုပြောကြပါသည်။ တပ်မ တော်သား တစ်ဦးစ၊ နှစ်ဦးစ ထိုသို့သော အမှုမျိုးကို လုပ်ကောင်း လုပ်နိုင်ပါသည်။ သို့ရာတွင် ထိုတစ်ဦးစ၊ နှစ်ဦးစကိုသာ ကွက်ကြည့်ပြီး ပြည်သူတို့၏ အသက်၊ စည်းစိမ်နှင့် အမိမြန်မာနိုင်ငံတော်ကြီးကို အကာအကွယ်ပေးနေသော တပ်မတော် သား အားလုံးအား မုန်းတီး မည်ဆိုပါက အဓိပ္ပာယ်လုံးဝ ရှိမည်မဟုတ်ပါ။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပြစ်မှုကျူးလွန်သူ အရပ်သားများအတွက် အရပ်ဖက် ထောင်များရှိသလို၊ တပ်မတော်သားများ ကျူးလွန်သော အမှုများအတွက်လည်း စစ်ဘက်ထောင်ရှိပါသည်။ တည်ဆဲဥပဒေများအရသာ အရေးယူအပြစ်ပေးရပါမည်။ ဤအဖြစ်မျိုး ရှိခဲ့သည့်တိုင် ရှမ်းတို့က ဗမာအားလုံးကို မုန်းမည်ဆိုပါက အညှိုးထားမည်ဆိုပါက အဓိပ္ပာယ် မရှိသော လုပ် ရပ်နှင့် တစ်ဖက်သတ်ဆန်သော စိတ်ထားသာဖြစ်ပါလိမ့်မည်။ ယခုကျွန်ုပ် ဤစာလွှာကို ရေးသားရခြင်းအကြောင်းကို ရေးပါတော့မည်။ လူကြီးမင်းတို့ တာဝန်ယူဆောင် ရွက်နေသော မီဒီ ယာအပိုင်းနှင့် ပတ်သက်၍ပါ။ မီဒီယာသမားတစ်ဦး၌ Media Ethic, Media ကျင့်ဝတ်သိက္ခာ ရှိရပါမည်။ “မီဒီယာ ကျင့်ဝတ် သိက္ခာကို စောင့်ထိန်းခြင်း” ဟူသည် အမှန်ကို အမှန်အတိုင်း ရဲဝံ့စွာ ဘက်မလိုက်ဘဲ တင်ပြခြင်းပါ။ “မီဒီယာ ကျင့်ဝတ် သိက္ခာကို လေးစားခြင်း” ဟူသည် အမှန်အတိုင်း မဖော်ပြရဲလင့်ကစား ဘက်လိုက်၍ သော်လည်းကောင်း၊ မဟုတ်တာကို ဟုတ်သယောင် မပြောမိ၊ မရေးမိဖို့ပါ။
၂၀၁၂-ဧပြီ သင်္ကြန်တုန်းက ကံမမြို့၌ ဖြစ်ပွားခဲ့သော ဒေသတွင်း အကြမ်းဖက်မှုကို လူကြီးမင်းတို့ မီဒီယာများက သိကြ ပါ သော်လည်း လုံးဝ ဖော်ပြခြင်း မရှိခဲ့ကြပါ။ ထိုနည်းတူ ယခုတောင်ကုတ် အကြမ်းဖက် ရမ်းကားမှုကိစ္စတွင်လည်း လူကြီး မင်းတို့ မီဒီယာများမှ ဖော်ပြရန် ရှိလာသော် မီဒီယာကျင့်ဝတ်သိက္ခာကို မစောင့်ထိန်းရင်တောင်မှ လေးစားပေးဖို့ပါ။ “ဤလောက၌ လူမိုက်တို့သည် ငါတို့သေကြလိမ့်မည်ဟု မသိကြကုန်။ ထိုမသိမှုကြောင့်ပင် ခိုက်ရန် ငြင်းခုံမှုတို့သည် မပြေ ငြိမ်းနိုင် ကြကုန်။” (ဓမ္မပဒ - ၆) “အနှစ်ရှိသော တရားကို အနှစ်မရှိဟုလည်းကောင်း၊ အနှစ်မရှိသော တရားကို အနှစ်ရှိဟုလည်း အယူရှိသူတို့သည် မှား သော ကြံစည်မှု၌သာလျှင် အာရုံရှိကြရာ အနှစ်ရှိသော တရားကို မရနိုင်ကြကုန်။ (ဓမ္မပဒ-၁၁) ကံ-ကံ၏ အကျိုးကို ယုံကြည်မှုသည် ဘာသာတရားတိုင်း၌ ရှိပါသည်။ ဘာသာတရားများကိုပင် မဆိုထားဘိ၊ သိပ္ပံပညာ သဘော အရလည်း အကျုံးဝင်မှုရှိပါသည်။ သိပ္ပံ - “သက်ရောက်မှုတိုင်း၌ ပမာဏတူညီပြီး လားရာဆန့်ကျင်သော တန်ပြန်သက်ရောက်မှုရှိလေသည်။” (နယူတန်၊ ဒြပ် ဆွဲအား ဆိုင်ရာ တတိယနိယာမ) ဗုဒ္ဓ- “မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော်လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေ သော်လည်း ကောင်း၊ တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း မကောင်းမှုမှ မလွတ်ရာ။” အစ္စလာမ်- “အို-ချစ်သား၊ အပြုအမူတစ်စုံတစ်ရာသည် မုန်ညှင်းစေ့ခန့်မျှသာရှိပြီး ကျောက်ဆောင်တစ်ခုခု၌ တည်နေသည် ဖြစ်စေ၊ မိုးကောင်းကင်များ၌ တည်နေသည်ဖြစ်စေ၊ ကမ္ဘာဂြိုဟ်၌ တည်နေသည်ဖြစ်စေ အသင်၏ ရှေ့တော်မှောက်သို့ အသင့် ရောက်ရှိစေမည်။ (ကုရ်အာန် ၃၁း၁၆) ခရစ်ယာန်- “လူတိုင်းအဖို့ မိမိတို့၏ ကျင့်ကြံမှုနှင့် လျော်ညီသော အကျိုးအပြစ်ကို ဘုရားသခင်က ပေးတော်မူပေမည်။” (ရောမသြ၀ါဒ ၂း၇) ဟိန္ဒူ- “အကြင်သူသည် မိမိကိုယ်ကို ကာကွယ်လိုသည်ဖြစ်အံ့၊ ဒေါသဖြစ်ခြင်းမှ ကာကွယ်ပါလေ။ ဒေါသကို မကာကွယ်နိုင် လျှင် ဒေါသက ထိုသူအား ပြန်သတ်လိမ့်မည်။ (သိရုကုရယ်လ်ကျမ်း) လူကြီးမင်းများခင်ဗျား- အမှန်တရား ရှေ့မှောက်ရောက်သည်နှင့် တစ်ပြိုင်နက် အလိမ်အညာအားလုံးဟာ ခေါင်းငုံ့ကာ မျက်နှာမပြရဲ တော့ပါ။ (အ ရှက် မရှိသူများအဖို့ ချွင်းချက်ရှိပါသည်။) အားရှိတာက အမှန်တရားပါ။ “မဟုတ်မမှန် ပြောသောသူကို၊ အဟုတ်အမှန် ပြောဆိုခြင်းဖြင့် အောင်ရာ၏။” (ဓမ္မပဒ -၂၂၃) ပညာရှင်ကြီးတစ်ဦးကို သမိုင်းကိုဘာဖြစ်လို့ သင်ရမှာလဲ လို့မေးတော့ သူ့အဖြေက “သမိုင်းသင်တာ မ အအောင်လို့ပေါ့ တဲ့။ ဖြည့်ပြီးပြောချင်ပါသည်။ “အဟုတ်အမှန်သမိုင်းကို သင်မှ မ အတဲ့အပြင် ကမ္ဘာတန်းရောက်မှာပါ။” “လုပ်ကြံ သမိုင်း ကို သင်က အ တဲ့အပြင် အလှခမ်းခြောက်မှာပါ။”
“မှားယွင်းသော အယူအဆ၊ အမြင်အသိရှိနေသူသည် မြတ်သောအကျင့်ကို အားထုတ် ကျင့်သုံးသည် ဆိုသော်လည်း အ ကျိုး မရှိနိုင်။” (သုညတ၀ဂ်၊ ဘူမိဇသုတ်) လက်ရှိ မီဒီယာသတင်းတွေဆိုတာ အနာဂတ်မှာ သမိုင်းမှတ်တိုင်တွေ ဖြစ်လာကြမယ့် အရာတွေပါ။ အဲဒီအချိန်ကျရင် ဘယ်သတင်းဌာန၊ ဘယ်စာနယ်ဇင်း၊ ဘယ်သတင်းသမားက အားကိုးထိုက်တဲ့ သတင်းသမားလား၊ နှစ်ပြားဖိုးမထိုက်တဲ့ သ တင်း သမားလားဆိုတာ မှတ်ကျောက် အတင်ခံရပါလိမ့်မည်။ ဂုဏ်လင်းထိန်ထိန်
ဗုဒ္ဓဘာသာ သူငယ်ချင်းတဦးရဲ့ ရင်ဖွင့်သံ
ံ စာတိုပေစ လေးတွေကို စရေးပါပြီ ဆိုကတည်းက ကိုယ့်ကိုယ်ကို စည်းချထားတာ တစ်ခု ရှိပါတယ်…။ အဲ့ဒါကတော့ လူမျိုး ရေး ဘာသာရေး ပဋိပက္ခြ ဖစ်လာစေနိုင်မယ့် စာမျိုး ပို့စ်မျိုး လုံး ၀မရေး…၊ နိုင်ငံရေးနှင့် ငြိစွန်းလာနိုင်မည့် ပို့စ်မျိုး လုံး ၀ မရေးဘူး… လို့ ဆုံးဖြတ်ထားတာပါ…။ တလောက ဗုဒ္ဓဘာသာကို ရိုင်းရိုင်းစိုင်းစိုင်း တိုက်ခိုက်လာတဲ့ Blog spot ဆိုက်တစ်ခုကို တွေ့တာတောင်မှ ဘာမှ တုံ့ပြန် မ ရေးခဲ့ မပြောခဲ့ပါဘူး…။ အခုဟာက အရမ်းအရေးကြီးလာတယ် လို့ထင်လို့ မဖြစ်မနေ ရေးလိုက်ရတာပါ…။ အမှန်အတိုင်း ပြောရရင်တော့ မနေ့က တစ်မနက်ခင်းလုံးနဲ့ တစ်ညနေခင်းလုံးတောင် ဒီပို့စ်ကို ရေးဖို့ အစီအစဉ်မရှိပါဘူး…။ ရေးဖြစ်မယ်လို့ စိတ်ကူးထဲတောင် မရှိပါဘူး…။ သို့ပေမယ့်လည်း လုပ်နေကျ အတိုင်း ညနေဘက် ကျတော့ FM ထဲမှာ ဟို လုပ်ဒီလုပ်နဲ့ လုပ်နေရင်း ချက်ဘောက်ထဲမှာ ဒီကိစ္စနဲ့ပတ်သတ်ပြီး တော်တော် သွေးကြွနေတဲ့သူတစ်ယောက်နဲ့ စကားပြော ဖြစ်လိုက်လို့… စိတ်ထဲ နည်းနည်း မတင်မကျဖြစ်လာလို့ ကျွန်တော့် အမြင်နဲ့ ခံယူချက်လေးကို ရေးကြည့်တာပါ…. ကိစ္စ ဆိုတာကတော့ အား လုံးသိတဲ့အတိုင်းပါပဲ… ရခိုင်ပြည်နယ်… ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စုက သပြေ ချောင်း ကျေးရွာနေ မသီတာထွေး (၂၇) နှစ် ကို မွတ်ဆလင် ကုလားသုံးဦးက မုဒိမ်းကျင့်၊ ပစ္စည်းလု ပြီး သတ်ပစ်ခဲ့တဲ့ ဖြစ် ရပ်ပါ…။ အခုတလော ဒီပြသနာကြောင့် တော်တော် ဆူပူမှုတွေ ဖြစ်နေပါတယ် …။ မွတ်ဆလင်တွေက ဗုဒ္ဓဘာသာတွေကို ရည်ရွယ်ချက် ရှိရှိ ရက်စက်ယုတ်မာ တယ်ပေါ့….။ ဒါကတော့ မွတ်ဆလင်တွေက ဗုဒ္ဓဘာသာတွေကို ယုတ်မာတယ်ပေါ့…. ဒါပဲလား ဆိုတော့ မပြီးသေးပါဘူး… သိပြီးပြီလား မသိသေးဘူးလားဆိုတဲ့ သတင်းတစ်ခုကိုလည်း အပြည့်အစုံ တင်ပြချင်ပါသေးတယ်…..။ ဇွန် ၃ ရက် ညနေ ၄ နာရီ သံတွဲမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရိုးမသစ္စာ မော်တော်ယဉ်လိုင်းမှ မှန်လုံယာဉ်သည် တောင်ကုတ်မြို့ အေးရိပ် ငြိမ်ကားကြီးဝင်းသို့ ရောက်ရှိခဲ့ပြီး ခရီးသည်များ အတင်အချပြုလုပ်ရန် ခေတ္တရပ်နားစဉ် ယာဉ်ပေါ်တွင် မွတ်ဆလင် ကုလား များ ပါလာကြောင်း သတင်းပြန့်သွားခဲ့ပြီး မြို့ခံလူထုများ ၀ိုင်းအုံရောက်ရှိ လာခဲ့ကြောင်း၊ ထိုသို့ လူအုပ်စု ၀ိုင်းအုံလာသဖြင့်ဂိတ်မှူးက အဆိုပါမော်တော်ယာဉ်အား အမြန်ထွက်ခွာေ စခဲ့ရာ ထွက်ခွာသွားသည့် မော်တော်ယာဉ်နောက်သို့ ဆိုင်ကယ် ဖြင့် လူအချို့ လိုက်ပါသွားပြီး မော်တော်ယာဉ်အား မြို့တွင်းသို့ ပြန်လည်မောင်းနှင် စေခိုင်းခဲ့ကြောင်း၊ ထိုသို့ ပြန်လည် မောင်းနှင်ခဲ့ရာမှ သံတွဲ-တောင်ကုတ် ကားလမ်းဆုံ (တောင်ကုတ်မြို့တွင်း ပြည်မြို့အထွက်) သို့ရောက်ရှိစဉ် အသင့်စောင့် နေသည့် လူ ၃၀၀ ခန့် အုပ်စုက ပိတ်ဆို့ တားဆီးကာ ယာဉ်ကို ရပ်တန့်ေ စခဲ့ပြီး ယာဉ်ပေါ်ပါလာသည့် မွတ်ဆလင်ကုလား များအား အတင်းဆွဲချရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ မွတ်ဆလင်ကုလား ၁၀ ဦး သေဆုံးခဲ့သည့်အပြင် မော်တော်ယာဉ်လည်း ဖျက်ဆီးခံခဲ့ရကြောင်း၊ အခင်းဖြစ်ပွားရာနေရာသို့ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများ ရောက်ရှိထိန်းသိမ်းဆောင်ရွက်ခဲ့ရာ ယင်း နေ့ ညနေ ၆ နာရီ မိနစ် ၅၀ တွင် လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။ ကဲ… ကြားလို့မှ ကောင်းကြသေးရဲ့လား… ဒါက အခုရက်ပိုင်း ဖြစ်ပွားခဲ့တာပါ… အရင့်အရင်တွေ ကတည်းက နယ်မြို့တွေ မှာ ဒီလိုပုံစံတူဖြစ်စဉ်မျိုးတွေ အများအပြား ဖြစ်ခဲ့တယ် ဆိုတာကိုလည်း သိတဲ့သူတွေ သိပါတယ် …. အဲ့ဒါဆိုရင် အဲ့ဒါက ဘာလဲ….. အဲ့ဒါ မြန်မာကွ… ပါးကိုက်ရင် နားပြတ်အောင် ပြန်ကိုက်ပစ်တာ… အဲ့ဒါမြန်မာကွ… ဟင်… အဲ့လို ကြွေးကြော်ကြမှာလား….။ အဲ့ဒီလုပ်ရပ် မှန်တယ်လို့ပဲ ပြောချင်တာလား…။ ကျွန်တော် စဉ်းစားကြည့်ပါတယ်… အဲ့ဒီ မွတ်ဆလင် ကုလားသုံးယောက်က ဗုဒ္ဓဘာသာကို ဒီလိုစော်ကားလို့ ရတယ် ဆိုပြီး တော့ ရည်ရွယ်ချက်ရှိရှိ လုပ်တာ ဟုတ်ချင်မှလည်း ဟုတ်မှာပါ…။ မုဒိန်းကျင့် လူသတ် ပစ္စည်း အလုခံရတဲ့ အမှုတစ်ခုကိုပဲ လုပ်သွားတဲ့ သူက မွတ်ဆလင်တွေ ခံရတာက ကိုယ့် ဗုဒ္ဓဘာသာ ဆိုပြီး ပတ်ဝန်းကျင်ကပဲ အတင်း ခေါင်းစဉ် တပ်ပြီးတော့ ဆူဆူ ပူပူ ဖြစ်အောင် လုပ်နေတာလား…။ ပြီးတော့ ဘာလို့ ဒီ လို ဆန္ဒပြ ဆူပူနေရတာလည်း ဆိုတော့ မွတ်ဆလင် သုံးယောက်က ဗုဒ္ဓဘာသာ ကောင်မလေး တစ် ယောက်ကို ရက်စက် ယုတ်မာသွားလို့တဲ့…။ မုဒိန်းကျင့် လူသတ် ပစ္စည်းလုတဲ့ ပြစ်မှုတွေက တစ်နှစ်တစ်နှစ် များ အများအပြား ဖြစ်တတ်တယ် ဆိုတာ အားလုံး သိကြ တာပါပဲ… အဲ့ဒီအခါတွေတုံးက ကျတော့ကော ဘာလို့ ဒီလိုဆူဆူပူပူ မလုပ်ကြတာလဲ… ဘာလဲ အချင်းချင်းက လုပ်တယ် ဆိုတော့ ကျေနပ် တယ်ဆိုတဲ့ သဘောလား…. ကိုယ့်အချင်းချင်း လုပ်တော့ ဘာမှ မပြောကြဘူး … မသိလိုက် မသိဘာသာပဲ နေကြတယ်… တရားရုံးရဲ့ ကိစ္စတို့နဲ့ မဆိုင် ပေါ့…. သူများက လာလုပ်တော့မှ လက်ခမောင်းခတ်တယ် … အဲ့ဒါကို တရားမျှတ တ ယ်လို့ ပြောချင်တာလား …။ အဲ … ဘယ်သူလာ လုပ်လုပ် ကျေနပ်ရမယ်နေရမယ်လို့ ပြောတာမဟုတ်ဘူးနော်… စဉ်းစားကြပါဦးဗျာ… ကဲ… ပြောကြသလိုပဲ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်ပဲ ထားပါဦးတော့ … ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော် တွေထဲမှာ အဲ့ဒီလို အဲ့ဒီလို တုံ့ပြန်လိုက်လို့ ဟော ထား ပြောထားတာများ ရှိလားဟင် … ပြောတော့ ဗုဒ္ဓဘာသာဝင်တွေဆို ဗုဒ္ဓဘုရား ဟောပြောညွှန်ပြတဲ့ တရားတော်တွေကို လေးစားလိုက်နာ ကျင့်ကြံသူ ဗုဒ္ဓဘာသာဝင်တွေဆို… ဘုရားရဲ့ တရား တော်တွေထဲမှာ အဲ့ဒီလို လုပ်ကြလို့များ ပြောထားကြသလားဟင်… ကျွန်တော်က ဒီလိုတွေ ပြောတော့ ထင်မှာပေါ့… ဗုဒ္ဓဘာသာဝင် မဟုတ်ဘူးထင်တယ်တို့… မွတ်ဆလင်တွေရဲ့ လက်ပါးစေ ထင်တယ်လို့ပေါ့…။ ကျွန်တော်က ဗုဒ္ဓဘာသာဝင် စစ်စစ်ပါ… မိရိုးဖလာအရ ကိုးကွယ်ခဲ့လို့… ဖေဖေမေမေ တို့က ဗုဒ္ဓဘာ
သာမို့လို့ ဖြစ်လာရတဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး။ ကိုယ်ကိုးကွယ်တဲ့ ဘာ သာရဲ့ အကြောင်းကို နားလည်သဘော ပေါက် အောင် လေ့လာနေသူ တစ်ယောက်ပါ… ပြီးတော့ ဘာသာရေးအယူဝါဒစွဲ ပြင်းထန်သူတစ်ယောက်ပါပဲ… ကိုယ့်ဘာသာကို တခြားဘာသာတွေနဲ့ နှိုင်းယှဉ်ပြောခံရရင်တောင် မကြိုက်တဲ့သူပါ … ဒါပေမယ့် တခြားသော ဘာသာတွေကို ဘယ်သော အခါကမှ မုန်းတီးခြင်း မရှိခဲ့ပါဘူး… ပုတ်ခတ်စော်ကားတာမျိုးကို ဘယ်တုံးကမှ မလုပ်ခဲ့ပါ… နောင်လည်း လုပ်ဦးမှာ မဟုတ် ပါဘူး…။ အခုဟာကလည်း မွတ်ဆလင်တွေ ဘက်လိုက်ပြီး ပြောပေးနေတာလည်း မဟုတ်ပါဘူး … ကိုယ့်ဘာသာ ကိုယ့် လူမျိုး ဘက်ရပ်ပြီး ပြောနေတာပါ…။ ကျွန်တော် နားမလည်နိုင်တာကလေ … အဲ့ဒီ ကားပေါ်ကဆွဲချပြီး မွတ်ဆလင်တွေကို သတ်ပစ်တဲ့ လူစုက ဘာရည်ရွယ် ချက်နဲ့ လုပ်တယ် ဆိုတာကိုပါပဲ …။ ကိုယ့်လုပ်ရပ်ကိုယ် ကိုယ်ပြန်မကြည့်ကြတော့ဘူးလား … အဲ့ဒီလိုတွေပဲ မွတ်ဆလင် တွေကို တွေ့ရင် တုံ့ပြန်နေဦးမှာလား… အဲ့ဒါဆိုရင်တော့ သိပ်ကို မှားနေပြီ…။ အကြီးအကျယ် မှားနေပြီ…။ ဒါတွေက မြန်မာလူမျိုးတစ်ယောက် အနေနဲ့ လုပ်သင့်တဲ့ ကိစ္စလား…၊ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ လုပ်သင့်တဲ့ ကိစ္စလား…၊ မစဉ်းစားကြတော့ဘူးလား… မွတ်ဆလင် တွေ့ ရင်ကို အကြောင်းမဲ့ ရန်ရှာနေတော့မှာာလား… အပြစ်မြင်နေတော့မှာပဲလား….၊ အဲ့ဒါဆို ပြန်စဉ်းစား… မြန်မာလူမျိုးဆိုတာက အစွန်းရောက် အကြမ်းဖက်ဝါဒီ တွေလား….၊ ဗုဒ္ဓဘာသာဝင်တွေ ဆိုတာက ကော တဖက်စွန်းရောက် တွေမို့လား…၊ အခု လုပ်ရပ်တွေက ဘယ်သဘောကို သက်ရောက်နေတယ် ဆိုတာကိုကော ဆင် ခြင်နိုင်စွမ်း ရှိသေးရဲ့လား… အဲ့ဒီလို လုပ်ရပ်တွေက မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာအရောင်အ၀ါကို အများကြီး မှေးမှိန်စေနိုင်ပါတယ်… အစကတည်းက မွတ်ဆလင်တွေကို မုန်းလို့ တုံ့ပြန်ချင်တယ် ဆို ရင်လည်း ဘာသာရေးဆိုတာကို အကြောင်းမပြကြပါနဲ့ ဗျာ… အရမ်းရှက်စရာ ကောင်းပါတယ်… ကျွန်တော်တို့ မြတ်စွာဘုရားရှင် ချမှတ်ပေးခဲ့တဲ့ လမ်းစဉ်တွေနဲ့လည်း လုံး ၀ မကိုက်ညီပါဘဲနဲ့… ကိုယ်လုပ်ချင်တာကို လုပ်ပြီး ဘာသာရေးစော်ကားလို့ဆိုပြီး… ခေါင်းစဉ်တတ်တာကတော့….. အင်း….. ပြောရတာကလည်း ကတယ့်ကို ကျဉ်းထဲ ကျပ်ထဲပဲဗျာ… အခုလောက်ဆိုရင်ပဲ ကျွန်တော့်ကို ဘာသာရေး လူမျိုးရေး အသိ မရှိတဲ့ကောင်လို့ ထင်ချင်ထင်နေလောက်ပြီ… ဟုတ်… ပါးကိုက်လို့ နားပြန်ကိုက်နိုင်မှ ဘာသာရေး လူမျိုးရေး အသိရှိတဲ့ သူ လို့ သတ်မှတ်မယ် ဆိုရင်တော့လည်း… ကျွန်တော် ကျေကျေနပ်နပ်နဲ့ အစွပ်စွဲခံပါတယ်… လူမျိုး ဘာသာအတွက် တာ ၀န် မကျေသူလို့… အဲ့ဒီလိုမျိုးကြီး မလုပ်ချင်လို့ပါ… မလုပ်သင့်ဘူးလို့ထင်ပါတယ်… ဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါး ဆိုတာကို ဗုဒ္ဓဘာသာ ၀င်တိုင်းသိမှာပါ… ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တိုင်း သတိမပြုမိတာကတော့ အောင်ခြင်းရှစ်ပါး ဆိုတာဟာ မေတ္တာတရားကြောင့် ဖြစ်လာရတယ် ဆိုတာကိုပါပဲ… သူနိုင်ကိုယ်နိုင် အပြိုင်ကျဲပြီး ဖြစ်လာ ရတာ မဟုတ်ပါဘူး …။ မေတ္တာတရားကို လက်ကိုင်ထားတယ် … မေတ္တာနဲ့ပဲ တုံ့ပြန်တယ်… ဒါတွေဟာ ဗုဒ္ဓဘုရား ချမှတ် ထားတဲ့ လမ်းစဉ်ပါ… ဒါဆိုရင် ဘာမှ ပြန်မလုပ်ရဘူးလား…. မင်းမှာ အမေတွေ နှမတွေ မရှိဘူးလား….. နှမသားချင်း မစာနတတ်ဘူးလား၊ လူမျိုး ဘာသာရေး အသိမရှိတော့ဘူးလား လို့ မေးလာရင်တော့……. ဟုတ်ကဲ့ ကျွန်တော်လည်း နှမသားချင်း စာနာတတ်ပါတယ်….. လူမျိုးဘာသာရေး စိတ်ဓာတ်လည်း အပြည့်ရှိပါတယ်…. ပြီးတော့…
လူသားချင်းလည်း စာနာတတ်ပါတယ်…. အခု ကျွန်တော် ပြောခဲ့သမျှတွေကလည်း မွတ်ဆလင်တွေကို သိပ်ချစ်နေလို့လည်း မဟုတ်ပါဘူး… ကိုယ်တိုင်က ဗုဒ္ဓ ဘာ သာမဟုတ်လို့လည်း မဟုတ်ရပါဘူး….. ဗုဒ္ဓဘာသာဘက်က ရပ်တည်ပြီး လူသားချင်း စာနာတတ်စေချင်လို့ ပြောနေတာ ပါ… ကိုယ်ချင်းစာတရား ကိန်းစေချင်လို့ပါ… တကယ်လို့သာ ဗုဒ္ဓဘာသာဝင်တစ်ယောက် မွတ်ဆလင်တစ်ယောက်ကို ပြစ်မှု ကျူးလွန်လိုက်လို့… မွတ်ဆလင်တွေ အကုန်လုံးက ဗုဒ္ဓဘာသာဝင်အကုန်လုံးကို အပြစ်သားတွေလို စွပ်စွဲပြီး တုံ့ပြန်မယ် ဆို ရင် ကြိုက်ကြပါမလားဟင်….. လက်ခံနိုင်မှာလား… အခုဖြစ်နေတဲ့ ပြသနာက မုန်းတီးရေး စိတ်တွေေ ကြာင့် ဖြစ်နေရတာပါ… သူလည်း လူ ကိုယ်လည်းလူပဲ … လူသား တစ် ယောက်ရဲ့ ရပိုင်ခွင့်တော့ သူတို့လည်း ရှိရမှာပေါ့… ဘာလို့ မုန်းတီးတဲ့ အကြည့်တွေပဲ ဖြစ်နေရမှာလည်း… အကြောင်းမဲ့ မုန်းတာ မဟုတ်ဘူး အကြောင်းရှိလို့ မုန်းတာ…… အဲ့တာ ဆိုရင်တော့ ပြောရခက်ပါပြီ….. ဟစ်တလာက ဂျူးလူမျိုးတွေကို မုန်းတီးခဲ့ပြီး အငြှိုးကြီးကြီး တုံ့ပြန်ခဲ့လို့…. ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခဲ့ရပါတယ်…။ ကဲ အခု ကော…. ဆက်မပြောတော့ပါဘူး… တော်တော်ကြာ ကျွန်တော်က လူမျိုးရေးစိတ်ဓာတ် ဘာသာရေးစိတ်ဓာတ် ပြင်းထန်တဲ့သူတွေကို စော်ကားရာတယ် လှောင်ပြောင်တယ် ဖြစ်နေမှာလည်း စိုးတယ် … ကိုယ့်အချင်းချင်းလည်း ပဋိပက္ခ မဖြစ်ချင်ဘူး … ကျွန် တော်ပြောသွားတာတွေက ကျွန်တော့် စိတ်ထဲ ဘ၀င်မကျတဲ့ ကိစ္စလေးတွေကို ပြောပြတာပါ… ဘာလုပ်သင့်တယ် ဘာဖြစ် သင့်တယ်ဆိုတာကိုတော့ ကျွန်တော် မပြောလိုတော့ ပါဘူး… ကျွန်တော့်ထက် အတွေးထက်တဲ့သူတွေ ရှိတာပါပဲ … ကျွန် တော်က သာမန်ကောင်လေး တစ်ယောက်ပါ… မဖြစ်သင့်ဖူးလို့ ထင်တဲ့ ကိစ္စလေးကို ပြောပြရုံလေးပါပဲ… ကျွန်တော်က အ တွေးစလေး ချပေးလိုက်ချင်ရုံလေးပါပဲ…. ကိုယ့်ဘာသာကို အများကြီး တွေးတော ဆင်ခြင်ကြပါခင်ဗျာ…. အမှန်တရားဆိုတာ ကိုယ့်ကြည့်တဲ့ ရှူထောင့်ပေါ်မှာပဲ မူတည်ပါတယ်….. ဒီပို့စ် နဲ့ပတ်သတ်ပြီး စိတ်ကြိုက် ဝေဖန်နိုင်ပါတယ်နော်… ဘယ်သူ တစ်ဦးတစ်ယောက်ကို မှ ပုတ်ခတ်လိုခြင်း မရှိခဲ့ပါဘူး…. အားလုံးကို လေးစားလျှက်ပါဗျာ….. ကောင်းသီဟကျော်
ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသော မီဒီယာ
ရေးသားသူ - ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတဦး (နစ်နေမန်းဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြသည်။)
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းရရင်ပြီးရော၊ နာမည်ကြီးရင်ပြီးရော ဆိုတာထက် ပိုကျော်လွန်ပြီး ရည် ရွယ်ချက်ရှိရှိနဲ့ ဖွနေတဲ့ Eleven Media Group ဟာ ပြဿနာတွေ ကြီးထွားအောင် ဖန်တီးလှုံဆော်နေတာမို့ မရိုးသားပါ။ ဒီလိုလုပ်နေတာဟာ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနဲ့အတူ နောက်ကွယ်က ဒီပြဿနာဖြစ်အောင် ဖန်တီးနေတဲ့လုပ်ရပ်ရဲ့ ဆောင်ရွက်ချက်လို့ သက်သေတခုအနေနဲ့ မီဒီယာလိုင်းကနေ အကွက်ကျကျ စီစဉ်မှုဆိုတာပါပဲ။ ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတဦးက အောက်ဖေါ်ပြပါ ရေးသားဖော်ပြချက်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်မှု အစ အ ဆုံးကို အသေးစိတ် သုံးသပ်ကြည့်ရှု နေနေကြသူတွေအနေနဲ့ ဒီပြဿနာရဲ့အခြေခံဟာ ဘယ်သူတွေလဲဆိုတာ ကြည့် တတ်မြင်တတ်ကြမှာပါ။ ကျနော်က မှန်တာတွေကိုပဲ သိချင်ဖတ်ချင်လို့ EMG က ထုတ်သမျှ edition အားလုံးကို တစောင်မကျန် (ပိုက်ဆံ အကုန်ခံ ပြီး) စောင့်ဝယ်ဖတ်ကာ Eleven အတွက်ချည်းပဲ တလကို ငွေ ၆,၅၀၀ လောက်သုံးနေတဲ့ EMG ပရိသတ် (ဘက်မလိုက်တဲ့ မြန်မာစစ်စစ်) ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတဦးပါ။ မကြိုက်တာ ရေးမိလို့ နာမည်ပြောင်းခေါ်လဲ ဘာတတ်နိုင်မှာ တုန်းဗျာ။
တဲ့ ဂျာနယ်မို့လည်း သတင်းတင်ပြရာမှာ လူမျိုး၊ ဘာသာ၊ အဖြစ်အပျက်၊ ရှုထောင့်မရွေးဘဲ အလယ်က နေခဲ့တယ်၊ နေ နေ တယ်၊ နေဦးမယ်လို့ အမြဲယုံကြည်ပြီး EMG ကို အားပေးခဲ့တယ်။ ဒါတွေဟာ ပြီးခဲ့တဲ့ တပတ်လောက်ကထိ EMG က ဒီလိုပဲ လို့ ထင်ခဲ့တာပဲ။ “မြန်မာနိုင်ငံထဲမှာ ဖြစ်တယ်။ မြန်မာတည်ဆဲ ရာဇ ၀တ်ဥပဒေနဲ့ ထိထိရောက်ရောက် ကိုင် ထည့်လိုက်ရင် ပြီးနေပြီ။ ဘာမှ ဆက်ဖြစ်စရာမရှိဘူးလေ။ ဒီဟာလေးကို EMG က စ ဖွတယ်။ အင်မတန် ထိလွယ် ရှလွယ်တာကို လွယ်လွယ်ရေးချတယ်။ မွတ်ဆလင် ကုလား usage သုံးပြီး comment တွေ ရေးခွင့်ပေးတယ်။ ဘယ်ဘာသာဝင်လို့ ရေးကတည်းက သွားပြီ။ တင် ပြတာ မမှန်တော့ဘူး။ နောက်ဆက်တွဲ ဘာဖြစ်လာ မလဲ သိသင့်တယ်။ သိသိကြီးနဲ့ လွယ်လွယ်ရေးချတယ်။ လွယ်လွယ် ဖတ်တဲ့ လူအုပ်စုတစုက သွေးကြွတယ်။ ရပ်ရန် မဟုတ်တဲ့ ဆက်ရန်တွေ ဖြစ်လာတယ်။ Eleven က ဘာဖြစ်စေချင်တာလဲ။ ဆက်ပြီးတော့ သတ်ကြစေချင်တော့ ...” အလဲဗင်းမီဒီယာအုပ်စု၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်
ဒါပေမယ့် Leading Media တခုဖြစ်တဲ့ EMG က တောက်လျှောက်ကိုင်စွဲလာတဲ့ ethic policy ကို လွတ်လိုက်ပြီလား။ အ ရမ်းသိချင်လာပါတယ်။ ဘယ်သွားမလဲ Eleven၊ ဘာတွေလုပ်နေတာလဲ Eleven၊ ကိုယ့်မူ ၀ါဒကို လွှတ်ချလိုက်တာလား၊ လွှင့်ပစ်လိုက်တာလား၊ ကိုယ့်ကိုကိုယ် ဘယ်ရောက်နေမှန်းတောင် မမြင်တော့တာလား၊ EMG က ဆရာတွေ ဘာဖြစ် ကုန် တာလဲ၊ တောက်လျှောက် အကောင်းလား၊ အစကတည်းက ဒီလိုလား ...။ အခုရခိုင်ကိစ္စမှာ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကွယ်၊ အလယ်က သတင်းသမားသာ တင်ပြတာ မမှန်ခဲ့ရင်၊ ဘက်လိုက် ဇောင်းပေး biased လုပ်ခဲ့ရင် လူမျိုးရေး၊ ဘာသာရေး ဆူပူတာ ပိုကြွလာမယ်၊ နှစ် ဘက်လုံး မလိုအပ်ဘဲ အသက်စည်းစိမ် တွေ ပိုဆုံးရှုံးမယ်။ သေးတဲ့အမှု ပိုကြီးလာမယ် ဆိုတာ ဆရာတို့လို တက္ကသိုလ်က လူတွေ အပါအ၀င် ဒေါက်တာ သန်းထွဋ် အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး၊ စာတကယ်ဖတ်သူအားလုံး နားလည်မှာပါ။ ပထမ - ရခိုင်အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရပြီး ပစ္စည်း ယူ၊ အသတ်ခံရတယ်။ ဘယ်သူကပဲ လုပ်လုပ် ရဲပိုင်တဲ့ criminal case ရာဇ၀တ်မှုသာ ဖြစ်တယ်။ ဒီရက်ပိုင်းဖြစ်သွားတဲ့ ဆရာဝန်မတဦးကို သူ့မိတ်ဆွေက ဓာတ်ဆီလောင်း မီးရှို့သတ်တာ၊ ၁၆ လမ်းက ၁၀ တန်းဖြေထားတဲ့ ကောင်မလေးတယောက် လူသတ်၊ ပစ္စည်းယူ၊ မီးရှို့သတ်ခံရတာ၊ ၁၃ နှစ်အရွယ် ကောင်